အပိုင်း(၁)
ဖြစ်နိုင်ရင် လကမ္ဘာပေါ်မသွားချင်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ တရားသူကြီးရုံချုပ်သွားပြီး စကား စမည် ပြောချင်တာပါ။ ကြီးကြီးမားမား မတောင်းဆိုချင်ပါဘူး။ ဖြစ်နိုင်တာကို တောင်းဆိုတာပါ။ အေး ဒါပေမဲ့ လွတ် လွတ်လပ်လပ်တော့ ထွေရာလေးပါး စကားပြောကြည့်ချင်ပါတယ်။ အထက်ကိုအရမ်း မတောင်းဆိုတာ ဖြစ်လို့ လိုက်လျောနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ တရားသူကြီးဆိုတော့ တရားရှိတဲ့လူကြီးပေါ့။ မတရား တာတွေကို အတော်ကိုရွံရှာ မုန်းတီးနေသူတွေ ဖြစ်နေလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဆိုတော့ တစ်နေ့ တရားသူကြီး တစ်ဦင်္းနဲ့ တိုက်တိုက်ဆိုင်ဆိုင် စကားတွေပြောကြည့်မိပါတယ်။ အဲဒါလေးတွေကို ပြန်လည် ဖောက်သည်ချလိုတဲ့အတွက် ဒီဆောင်းပါးလေး ရေးလိုက်တာပါ။
အိပ်ယာကနိုးတော့ ချွေးဒီးချွေးပေါက်တွေ စီးကျနေခဲ့တယ်။ စိုရွဲနေတဲ့ အိပ်ယာခင်းကို ခေါက်သိမ်း လိုက်ရင်း။ တစ်ညလုံးငြင်းခုံခဲ့ရတဲ့ စကားများကို ပြန်လည်ကြားရောင်နေခဲ့တယ်။ ရေတစ်ခွက်ကို အားရ ပါးရသောက်ပြစ်လိုက်ရင်း မူမမှန်တဲ့ တရားသူကြီးရဲ့ မျက်နှာကြောတင်းတင်းကြီးကို ပြန်မြင်ရောင်နေခဲ့တယ်။ အခုလေးတင် ပြီးသွားတဲ့ စကားဝိုင်းလို စကားတွေပြန်လည်ကြားရောင်ရင်း ပြန်လည်အသက်ဝင်လာခဲ့တယ်။ ဆိုနေကြ ဓာတ်ပြားဟောင်းကြီးကို သူသီဆိုခဲ့ပေမဲ့ ကိုယ်ကတော့ ခေတ်ပေါ်သီးချင်းတစ်ပုဒ်ကို ခပ်မြူးမြူးပဲ သီဆိုရင်း စကားဝိုင်းဟာ တော်တော်အသက်ဝင်နေခဲ့တယ်။
“ အေးလေ ခင်များတို့ဟာ လောလောဆယ် မြန်မာနိုင်ငံမှာ တရားအရှိဆုံးပုဂ္ဂိုလ်တွေလို့ သမုတ်ခံထား ခဲ့ရတဲ့ လူတွေပဲ။ ကျုပ်တို့ ကြည်ညိုကိုးကွယ်နေတဲ့ ရှင်တော်ဘုရားချမှတ်ထားတ
သာသနာတော်မှာတော့ အ လုပ်တစ်ခုကို ဒီနေရာမှာ သူနဲ့ထိုက်တန်ရင် ပေးလေ့ပေးထရှိတဲ့ နေရာမှာ ဘုရားရှင်ကတော့ အဲဒီရဟန်းတော် အနေနဲ့ လိုက်နာရမဲ့ စည်းကမ်းချက်တွေကို တစ်ခါတည်း ထုတ်ပြန်သတ်မှတ်ခဲ့တာတွေရှိတယ်။ အဲဒါကို ခင်များသိသင့်မယ်ထင်လို့ ကျုပ်ပြောပြမယ်။ ကြိုက်တာ မကြိုက်တာ၊ လိုက်နာ၊ မနာကတော့ ခင်များနဲ့ဆိုင်တဲ့ အတွက် လိုက်နာပါလို့ ကျုပ်မပြောလိုဘူး”
၁။ ဆန္ဒာဂတိ-ချစ်ခြင်းကြောင့် အဂတိမလိုက်နဲ့။
၂။ ဒေါသာဂတိ-မုန်းခြင်းကြောင့် အဂတိမလိုက်နဲ့။
၃။ မောဟာဂတိ-မသိခြင်းကြောင့် အဂတိမလိုက်နဲ့။
၎။ ဘယာဂတိ-ကြောက်ခြင်းကြောင့် အဂတိမလိုက်နဲ့ တဲ့။
အဲဒါတွေကိုတော့ အသေးစိတ် ရှင်းပြစရာ လိုမယ်မထင်ပါဘူး။ အဓိကပြောချင်တာကတော့ နောက်ဆုံးဖြစ်တဲ့ ကြောက်ခြင်းကြောင့် အဂတိမလိုက်နဲ့ ဆို တာကိုပဲ ဒီနေရာမှာ ခင်များနဲ့ ပြောဆိုဆွေးနွေးလိုတယ်။ ကျုပ်ကိုတော်တော် စကားများတဲ့ကောင်လို့ ထင်ချင် လည်းထင်မှာပေါ့။ ဒါပေမဲ့ စကားဝိုင်းမှာတော့ ကျုပ်ကလည်း ကျုပ်အထင် ကျုပ်အယူအဆတွေကြီးကိုပဲ မပြောချင်ပါဘူး။ ဒီတော့ ခင်များကလည်း ပြန်လည်ခုခံနိုင်စေချင်ပါတယ်။ ဒါမှသာ ကျုပ်တို့စကားဝိုင်းက အ သက်ဝင်နေမှာပါ။ ဒီတော့ ခင်များလည်း ခင်များအလုပ်ကိုင်ဖြစ်တဲ့ တရားသူကြီးများရဲ့ လုပ်ဆောင်ချက်တွေ ကို အသေးစိတ် ပြန်လည်ချေပ ပြောဆိုပါလို့ ကျုပ်တောင်းဆိုပါတယ်။
ကျုပ်က တောသားဆိုတော့ စကားပြောတာတွေ မယဉ်ကျေးသလို ဖြစ်နေရင်လည်း ခွင့်လွှတ်ပေးပါလို့ ကြိုတင် တောင်းပန်ချင်ပါတယ်။ ခင်များသောက်ချင်တာကို မှာသောက်ပါ။ ဆိုင်ရှင်ထံကျုပ် လပေးနဲ့မှတ်ခိုင်း ထားပါတယ်။ ဒီအတွက် ခင်များမပူပါနဲ့။ ကျုပ်က တရားတဲ့နည်းလမ်းနဲ့ ရှာဖွေလို့ရရှိလာတဲ့ ငွေကြေးနဲ့ ဆိုင်ကို လစဉ် ကျသင့်ငွေပေးပြီး မှာစား၊ မှာသောက်တာ ဖြစ်ပါတယ်။
” ခင်များပြောတာတွေက နည်းနည်းလွန်နေပြီလို့ထင်တယ်။ ကျုပ်ကိုခရိုင်တရားသူကြီးတစ်ယောက်လို့ ကော ခင်များသတ်မှတ်သေးရဲ့လား။ လူဆိုတာ ကိုယ့်ဘက်ကိုကိုယ်ယက်တာကို ထိုက်သင့်သလောက် လက် ခံပါတယ်။ ဒါပေမဲ့ မောင်ရင်က တော်တော်ကိုတရားလွန်အောင် ကိုယ့်ဘက်ကိုယက်လွန်းတယ်။ တကယ်ဆို ငါဟာ မင့်အဖေအရွယ်လောက် ရှိနေပြီ။ မောင်ရင်စပြောကထဲက တော်တော်လေး သီးခံပြီးနားထောင်နေတာ အခုဟာက မောင့်ရင့်ဘက်က တော်တော်လေးကို ဖောင်းဖြစ်နေပြီ။ ငါ့အနေနဲ့ ကိုယ့်တူကိုယ်သားအရွယ်လည် ဖြစ်ပြန် နောက်ပြီးလူချင်းလည်း တော်တော်လေးရင်းနှီးတဲ့ လူတွေဖြစ်နေပြန်လို့တာ။ သို့မဟုတ်ရင် မောင်ရင့် ကို တရားစွဲလိုက်ပြီးပြီ။
ကျုပ်လည်းခံစားချက်တွေ၊ ခံစားခဲ့ရတာတွေ၊ခံစားနေရတာတွေ များနေတော့ စိတ်လွတ်လက် လွတ်ဖြစ် သွားတယ်။ နည်းနည်းတော့ သီးခံနိုင်လိမ့်မယ်လို့ယုံကြည်တာကြောင့် စိတ်လွတ်လက်လွတ် ဖြစ်သွားတာကို အနူးအညွတ်တောင်းပန်ပါတယ်။ ခင်များအတွက် လွန်တယ်ထင်ပေမဲ့ ကျုပ်တို့အတွက် ကတော့ ဒါလောက် တောင် ပြောဆိုခွင့်မရှိတော့ဘူးဆိုတာ ခင်များအနေနဲ့ ထည့်စဉ်းစားသင့်တယ်။ ဖြစ်သင့် တာကို ပြောတာပါ ခင်များပြောတဲ့ ကိုယ့်ဘက်ကိုကိုယ်ယက်တာ မဟုတ်ပါဘူး။
ခင်များတို့ဟာက အခုကျုပ်တို့တိုင်းပြည်ရဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေဖြစ်သလို၊ တရားအရှိဆုံးပုဂ္ဂိုလ် တွေလို့ လူအများက သမုတ်ခံထားရတဲ့လူတွေ မဟုတ်လား။ ဒီတော့ ကိုယ့်ကိုယ်ကို ဘယ်လောက်တရားရှိသ လည်းဆိုတာ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်မှန်ကန်သလည်းဆိုတာ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် တောင် လိပ်ပြာသန့်သလဲဆိုတာ ဆန်းစစ်ကြည့်စေချင်တဲ့ အတွက်ကြောင့် ဒီနေ့ဒီစကားဝိုင်းလေးကို ကျုပ်ရဲ့ မဟာမိတ်ဆိုင်လေးမှာ စတင်လိုက်တာပါ။
ခင်များတို့ပြောတော့၊ ခင်များတို့ဆုံးဖြတ်တော့ ကျုပ်တို့တိုင်းပြည်မှာ နိုင်ငံရေးနဲ့ ဖမ်းဆီးထောင်ချထား တဲ့လူတစ်ယောက်မှ မရှိဘူးဆိုတာ ဟုတ်ပါသလား။ ဘယ်လိုကြောင့်ပါလဲ။ တကယ်ကော တစ်ယောက်မှ မရှိ ပါဘူးလား။ အခုကျနေတဲ့လူတွေအားလုံးထဲမှာ နိုင်ငံရေးကြောင့် ကျခံနေတဲ့လူတစ်ယောက်မှ မပါဘူးလား။
“ မပါဘူး”
“ ဘာကြောင့် ဒီစကားကို အခုလို လွယ်လွယ်ကူကူ ဆုံးဖြတ်လိုက်ရပါသလဲ”
“ မပါလို့ မပါဘူး ပြောတာပေါ့ကွ”
“ အိုကေ ဒါဆို ကျွန်တော်တစ်ခုထောက်ပြမယ် ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အသံကြားရင် ခင်များအနေနဲ့ နားခါးနေမှာဖြစ်လို့ ကျန်တဲ့တစ်ယောက်လောက်ပဲ ထောက်ပြပါရစေ၊ ပြီးခဲ့တဲ့ စက်တင်ဘာ အရေးခင်းမှာ လူသိထင်ရှားဖြစ်ခဲ့တဲ့ ရဟန်းငယ်တစ်ပါးကိုပဲ မေးပါရစေ။ အခုလောလောလတ်လတ် ထောင်ထဲမှာ ယုံကြည်မှုအတွက် အကျဉ်းကျခံနေရတဲ့ စက်တင်ဘာခေါင်းဆောင်လို့ နာမည်ကြီးခဲ့တဲ့ ဦးဂမ္ဘီရ ဆိုတာ သိတယ်မဟုတ်လား။ အခုထောင်ထဲမှာဆိုတာလည်း ခင်များသိနေလောက်ပါတယ်။ အဲဒီ ဦးဂမ္ဘီရဆိုတဲ့ ရဟန်းငယ်တစ်ပါးကို ဖမ်းထားတာဟာ နိုင်ငံရေးကြောင့်မဟုတ်ဘူးလား”
“ မဟုတ်ပါဘူး”
“ ဒါဆိုဘာအတွက် ဖမ်းထားတာလဲ”
“ တည်ငြိမ်နေတဲ့ တိုင်းပြည်ကိုဆူဆူပူပူ ဖြစ်အောင် တိုင်းပြည်မငြိမ်မသက်အောင်လုပ်တဲ့အတွက် ဖမ်း ဆီးထားတာပါ၊ ဆိုလိုတာက နိုင်ငံတော်ကို အကြည်ညို ပျက်အောင်လုပ်တဲ့အတွက် ခေတ္တဖမ်းထားခြင်းတာ ဖြစ်ပါတယ်။ နိုင်ငံရေးကြောင့် မဟုတ်ပါဘူး။
“ ကျုပ်လူပြိန်းအမေးအနေနဲ့ မေးပါရစေ ၊ အဲဒါကကော နိုင်ငံရေးနဲ့ ဖမ်းဆီးထားတာ မဟုတ်ပါဘူးလား သို့မဟုတ်ရင် နိုင်ငံတော်ကို အကြည်ညိုပျက်အောင် လုပ်တယ်ဆိုတော့ လက်ရှိအာဏာရှင်ဆိုတာကကော တကယ့် ပြည်သူလူထုက ထောက်ခံတင်မြှောက်ထားတဲ့ အစိုးရဟုတ်ပါသလား။ နောက်ပြီးရင် တကယ်ကော ခင်များတို့ပြောသလို သူတို့မှာ တိုင်းပြည်ကကြည်ညိုလေးစားလောက်တဲ့ လုပ်ဆောင်ချက်ဆိုတာတွေ ရှိပါသ လား။ အဲဒါတွေက ဘာတွေပါလဲ”
“ခင်များ အခုလိုပြောတဲ့ စကားတွေက နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ စွတ်စွဲချက်တွေပဲ ခင်များ မေးခွန်းတွေကို ကြည့်ပြီးမေးပါ”
“ ဟုတ်ပြီလေ ခုနယ်ကပြောသလို ကြည်ညိုခံရလောက်အောင် ဘာတွေလုပ်ဆောင်နေသလဲ၊ ဘာ တွေ လုပ်ခဲ့ပြီးပြီးလဲ၊ ဘာတွေ လုပ်ပေးဦးမှာလဲ၊ ခင်များကိုခင်များကော တကယ့်တရားရှိတဲ့ တရားသူကြီးလို့ ယူဆပါသလား၊ ကျုပ်မေးခွန်းတွေ မဖြေသေးဘူးနော်၊ ခင်များစွပ်စွဲချက်ကို ပြန်လည်ခုခံတာပဲ ရှိသေးတာ၊ ခုနယ်က မေးခွန်းတွေကို ခင်များဖြေကြည့်ပါဦး”
“ မဟုတ်ဘူး နိုင်ငံရေးနဲ့ဖမ်းဆီးထားတဲ့သူ ထောင်ထဲမှာတစ်ယောက်မှ မရှိဘူး။ လက်ရှိအစိုးရဆိုတာ တကယ့်ကို တိုင်းပြည်အပေါ် စေတနာထားပြီး ကိုယ်ကျိုးမဖက် လုပ်နေတာ၊ ဒါကို မောင်ရင်တို့က မနာလိုဝန် တိုစိတ်တွေမွေးပြီး အစိုးရကို သက်သက်စော်ကားနေတာ၊ နောက်ပြီး ပြည်ပလေလိုင်းတွေကနေတဆင့် မကြားဝန့် မနာသာအော်ကြဟစ်ကြတယ်။ အစိုးရကို သက်သက်သိက္ခာချနေကြတယ်။ သွေးခွဲနေကြတယ်။ တကယ်ဆို တိုင်းပြည်ကြီးဟာ ဘယ်လောက်တောင်အေးချမ်းသာယာ ရှိနေသလဲဆိုတာ မောင်ရင်တို့အသိပါ၊ မလိုတမာဖြစ်ပြီး အစိုးရကို စော်ကားမော်ကားလုပ်ဆောင်နေခြင်းသာ ဖြစ်တယ်။ ဒါကြောင့် အဲဒီပုဂ္ဂိုလ်တွေကို ခေတ္တ ခေါ်ယူထိန်းသိမ်းထားခြင်းသာဖြစ်တယ်။ ဖမ်းထားတာ မဟုတ်ပါဘူး“
“ ခင်များအဖြေတွေက ပညာတတ်မဆန်သလို၊ တရားသူကြီးဆိုပြီး မတရားသလိုဖြစ်နေသလားလို့”
“ မင်းဘယ်လိုပြောလိုက်တာလဲ”
“မင်းက မင်းကိုယ်မင်းလူစွာတစ်ယောက်လုပ်ပြီး ဂုဏ်သရေရှိပုဂ္ဂိုလ်တွေကို စော်ကားရာရောက်သလို
လုပ်နေတယ်၊ မင်းက လူငယ်ဖြစ်ပြီး စကားပြောတာက ရိုင်းစိုင်းလွန်းတယ်“
“ ကျုပ်အနေနဲ့ သိသင့်တယ်ထင်တဲ့ မေးခွန်းလောက်ကိုမေးတာကို ရိုင်းစိုင်းသလို မထင်ပါဘူး၊ နောက် လူစွာလုပ်နေတယ်လို့လဲ မထင်ပါဘူး။ ဒါကိုတော့ တရားသူကြီးဖြစ်တဲ့ ခင်များအနေနဲ့ ခွင့်လွတ်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ နောက် မေးချင်တဲ့မေးခွန်းတွေကလည်း တော်တော်များနေပါသေးတယ်။ တရားသူကြီး မှာထားတဲ့ လက်ဖက်ရည်လည်း အေးနေလောက်ပါပြီ၊ နောက်တစ်ခွက် မှာသောက်လိုက်စေချင်ပါတယ်”
“တော်ပြီ မသောက်တော့ဘူး။ မင့်လက်ဖက်ရည်တစ်ခွက်လောက်များ အမှုတွဲတစ်ခုစာရဲ့ အမြီးလောက်တောင် မရှိဘူး၊ ငါဟာငါ အိမ်ပြန်ရောက်မှပဲ သောက်တော့မယ်။ မင်းနဲ့စကားပြောရတာ တော် တော်လက်ပေါက်ကပ်တယ်။ အခုဒီကိုလိုက်လာတာ ငါက အမှုတွဲများရလို့လားထင်တာ၊ နောက်ဆိုရင် ဘယ် တော့မှ လာမခေါ်ပါနဲ့ ”
စကားဝိုင်းဟာ တော်တော်လေးကို အသက်ဝင်ခဲ့ပါတယ်။ မေးခွန်းတွေကို ဝေ့လည်ကြောင်ပတ်လုပ် သွားပြီး ဘာမှဟုတ္တိ၊ ပတ္တိဖြေမသွားဘဲနဲ့ သူထသွားခဲ့တယ်။ ကျုပ်လည်းသူ့အတွက် မှာထားတဲ့ လက်ဖက် ရည်ခွက်ပါ ကောက်သောက်နေမိတယ်။ လက်ဖက်ရည်တစ်ခွက် သောက်ဖို့လွယ်တာ မဟုတ်ဘူးဆိုတာ တရားသူကြီး ဆိုသူကတော့ သိဟန်မတူပါဘူး။ သူ့ရဲ့နောက်ကြောကို မျက်စေ့တစ်ဆုံးလိုက်ကြည့်မိရင်း တစ် ယောက်တည်း အတွေးများစွာနဲ့ ကျန်နေရစ်ခဲ့ပါတယ်။ နောက်နေ့ကော သူ့ကိုဘယ်လိုခေါ်ခဲ့ရမလဲ။ အမှန်က သူဟာ ဘာမှသိတဲ့လူမဟုတ်၊ ငွေရရင်ပြီးရော့ တရားတာ၊ မတရားတာသူမသိ၊ မှန်တာ၊ မမှန်တာ သူနားမလည်ပါဘူး။ အထက်ကခိုင်းစေချက်အရ လုပ်နေ၊ ကနေရတဲ့ ရုပ်သေးရုပ်တွေဖြစ်နေတယ်။ ဒါကို ကျုပ်တို့တိုင်းပြည်က တရားသူကြီးဆိုပြီးလန့်နေရတာ၊ ကြောက်နေရတာ၊ စစ်မှန်တဲ့ တရားတဲ့ တိုက်ပွဲဆိုတာ တစ်နေ့တော့ ဘွင်းဘွင်းကြီးပေါ်လာပြီး။ မတရားတာတွေ နိဂုံးချုပ်သွားရမယ်ဆိုတာကို တရားသူကြီးကို မပြောလိုက်ရ။ နောက်နေ့ကျမှ တွေ့မှပဲ ပြောရဦးမယ်ပေါ့လေ။
အိပ်ယာကနိုးမှ တကယ့်ဖြစ်ရပ်မဟုတ်ဘူးဆိုတာ သိလိုက်ရတော့တယ်။ နောက်နေ့ဘယ်လို အိပ်မက် တွေ ဆက်မယ်ဦးမှာလဲ။ မျှော်လင့်ရင်း ကိုယ့်ကိုယ်ကိုတွေးပြီး ပြုံးနေခဲ့လိုက်တယ်။
ကိုသန်းမြင့်အောင်ဘလော့ မှကူးယူဖော်ပြသည်
Contact Form
Popular Posts
-
ယနေ့မြန်မာပြည်သူတွေ ကြားသိနေကြရတဲ့ ဗြဟ္မစိုရ်တရားဆိုတာဟာ ဗြဟ္မစရိယ ဆိုတဲ့ ပါဠိကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ဗြဟ္မ၀ိဟာရ တရားလို့လည်း ခေါ်ပါတယ်။ အဓိပ္ပ...
-
Mizzima News Saturday, 16 August 2008 19:32 New Delhi — Authorities have heightened security in Monywa University in Sagaing Division of...
-
အင်တာဗျူး တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 13:36 - မြန်မာစံတော်ချိန် အတိုက်အခံများ၏ အားပေးထောက်ခံမှု မပါရှိဘဲ ကျင်းပခဲ့သည့် နအဖ ၏ နိုင်ငံရေး လမ်...
-
RANGOON, Burma (AP) — U.N. special envoy Ibrahim Gambari arrived in Rangoon on Monday on a five-day mission to promote national reconciliati...
-
အပိုင်း(၁) ဖြစ်နိုင်ရင် လကမ္ဘာပေါ်မသွားချင်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ တရားသူကြီးရုံချုပ်သွားပြီး စကား စမည် ပြောချင်တာပါ။ ကြီးကြီးမားမား မတေ...
-
Zarganar has been arrested over two months ago One of the most famous comedians in Burma, Zagana, has appeared at a secret court inside the ...
-
ပြည်ပရောက် မြန်မာလူမျိုးအများစုတွင် ကိုယ်ပိုင်အသိစိတ်ဓာတ်… ကိုယ်ပိုင်အသိဥာဏ်နဲ့ အမှန်တရားကိုလိုလားသော စိတ်ဓာတ်ကောင်းလေးများ ရှိကြပါတယ်….. ဒါ...